ချစ်သူရင်ကို နှုတ်ဆက်
ခံစားချက်မဲ့တဲ့ စင်္ကာပူမှာ
ပိုက်ဆံရှာဖို့ ကျွန်ခံ....
ကိုယ့် ဘ၀ကိုမြုပ် နှံခဲ့ပြီ...။
ပူပြင်းလှတဲ့ မန်းမြို့ရဲ့နွေရာသီမှာ
ကိုတို့နှစ်ယောက်လျှောက်လည်ခဲ့ကြတယ်...
တွေးမိတိုင်း စို့နင့်၊
ချစ်သူကိုလွမ်းလို့ မျက်ရည်ကျရင်း..
ကိုယ့်ကို စိတ်ပျော့တယ်လို့ ဆိုမလား..။
လေးလပိုင်းရဲ့ ပထမပတ်မှာ...
ကိုတို့နှစ်ယောက် ပျော်ရွှင်မှုတွေကို
ဖန်ဆင်းခဲ့ကြပြီး......။
ဆယ်ရက်၊လေးလ၊နှစ်ထောင်ဆယ်တစ်(10/04/2011)နေ့ထိ...
ဆားမပါတဲ့ ဟင်းတစ်ခွက်ကို
တစ်နှစ် ပြည့်အောင် သည်းခံပြီးရင်...
ချစ်သူရယ်...
ချစ်သူလက်ရာ ဟင်းတစ်ခွက်ကို
မြိန်ရှက်စွာ စားသောက်ချင်ပါရဲ့.....။
(31/12/10)
No comments:
Post a Comment