သက်ရှိထင်ရှား၊ ဘိုး၊ဘွား များကို
ငါကတွေ့မြင်၊ သည်ခါတွင်မူ
မိခင်၊ ဖခင် ကျေးဇူးရှင်ကို
ငါလျှင်တမ်းတ၊ သတိရ၏။
ငါ့အမိအို၊ အဖအိုသည်
သည်လိုအရွယ်၊ ဘိုးဘွားရွယ်တွင်
ကွယ်လွန်ခဲ့ကြ ရှာသည်တကား..။
သို့သည်ဖမိ၊ တမ်းတမိတိုင်း
သက်ရှိထင်ရှား၊ ဘိုးဘွားများကို
ငါကကြည်ညို၊ မေတ္တပိုသည်
ကိုယ်စား မိဘပါတကား။
မင်းယုဝေ
ဆည်းဆာချိန်လေး လှပစေဖို့
ဘိုးဘွားများကို ကူညီကြဆို့
No comments:
Post a Comment